Sunday 31 July 2011

ဒီမိုကရက်တစ်ခေတ်

ဗြိတိသျှအမတ်လိမ္မာတို့က အိန္ဒိယအကျိုးဖြစ်ထွန်းရန်အတွက်ယခုအချက်မှာ ရိုးဖြောင့်စါာ ဆောင်ရွက်သင့်ကြောင်းကိုလည်း ဆိုလေသည်။

ဗြိတိသျှအစိုးရတို့သည် ဗြိတိသျှတို့၏ အကျိုးကိုသာ စောင့်စားကြည့်ရှူသည့်အတွက် ယခုကဲ့သို့ ဖြစ်ရှိနေသည်ဟု သိရှိနိုင်ကြောင်းကိုလည်း ဆိုလေသည် ဤမာဒရပ်နယ်က မင်းတိုင်ပင်အမတ် မစ္စတာအာယား၏စကားနှင့်မကျေနပ်နိုင်သေးလျှင်၊ ဘုံဘိုင်နယ်အမတ်၏စကားကိုလည်းနားထောင်ကြဘိလော။

ထိုအမတ်သည် ဘုံဘိုင်နယ်ကောင်စီအဖွဲ့မှ ဟုမ်းမင်းသားခေါ်ပြည်တွင်းရေးဆိုင်ရာ ဗြူရိုက၇က်အမတ်ကြီး၏ အချစ်တော်အမတ် ဖြစ်ပေသည်။

ထိုအမတ်ကလွန်ခဲ့သောရက်ပေါင်း များမကြာမီက ဒိုင်အာခီကိုပြစ်ဆိုခြင်းများဖြင့်လည်း ပြည်သူတို့က သတိအထူးထား၍ စဉ်းစားလိုက်ကြပေသည်။ 

ဒီမိုကရက်တစ်ပါတီ ခေါ် ဒီမိုကရက်စတ်ခေတ်အလိုက်အများသဘောကိုငဲ့ညှာ၍ ဆောင်ရွက်ရန် အဓိဌာန်ထားသော မင်းတိုင်ပင်အမတ် အသင်းခေါင်းဆောင်ဥက္ကဌဖြစ်သူ ဒေါက်တိုဂေါ်ဝါ ကလည်း ထိုသို့ပင်ဆိုလေသည်။

အလိုတောရိအစိုးရဘက်က ထာဝရနေ၍ ရေးသားသော (အလဟာသတ်) သတင်းစာခေါင်းကြီးပိုင်းက ဤသို့ရေးသားလျက်ပါရှိသည်။

“ပြုပြင်အုပ်ချုပ်ရေးစနစ်သည် အင်္ဂလန်ပြည်၌၊ ဒိုင်ဟတ် ခေါ်အာဏာတန်ခိုးလိုလားသော ပါလီမန်လူကြီး၏ လက်တွင်း၌၎င်း၊ အိန္ဒိယပြည်တွင် (ရီအက်ရှင်နာရီ) ခေါ်ပြည်သူ့အကျိုးကို ပျက်စီးနှောင့်နှေးအောင် လုပ်လိုဟူတို့၏ လက်တွင်း၌၎င်း ပျက်စီးကြေမွပြီးဖြစ်ရပြီး”
ထိုသို့အပြင် ၎င်းသတင်းစာက တိုင်းရင်းသားအားလုံးတို့ စုပေါင်းသင်ဖွဲ့ပြီးလျှင် တကျိတ်၊ တဥာဏ်၊ တသံတည်း ညီညာ၍ တိုင်းပြည်အကျိုးကို ပျက်စီးနှောင့်နှေးအောင် လုပ်သူတို့ အကြံသည် တဖြည်းဖြည်းအင်အားကြီးလာ၍ ထိုအကြံကို ခုခံတိုက်ဖျက်လိမ့်မည် မချွတ်ဖြစ်ကြောင်းနှင့် ရေးသားဖူးလေပြီ။ 

သို့ဖြစ်၍ မစ္စတာအိုင်းယား၏ နှိုးဆော်ချက်ကို အလေးဂရုမပြုဘဲနေဖို့ရာမသင့်ပေ။

No comments:

Post a Comment