Sunday 31 July 2011

စောင့်ဆိုင်းမျှော်လင့်သော်လည်း

လော့ရီဒင်း၊ အိန္ဒိယဘုရင်ခံချုပ်ကြီးသည် အိန္ဒိယပြည်သို့ ဆိုက်ရောက်စက ပြည်သူတို့ မျှော်လင့်အားကိုးရှိစေရအောင် များစွာပင် ဖွင့်မြွက်ပြောဆိုသော်လည်း ယခုတိုင်တစုံတရာကို ပြောဆိုဖူးသော စကားအတိုင်းမတည်သေးခြင်းကြောင့် ပြည်သူတို့က အားကိုးရာမရောက်သဖြင့် ပြည်သူတို့အပေါ်သြဇာတန်းခိုးယုတ်လျော့ လျက်လာခဲ့ပြီ။

အိန္ဒိယပြည်၌ ယခုအခါ ခဏခေတ္တမျှ ငြိမ်ဆိတ်လျှက် ရှိနေခြင်းကြောင့် ဖိနှိပ်ခြင်း၊ သင်းခွဲခြင်းတို့ကြောင့် ထိုပြည်ကြီး၌ နန်းကိုအော်ပရေးရှင်းကြည်ရှောင်ခြင်း၊ သင်းခွဲခြင်းတို့ကြောင့် ထိုပြည်ကြီး၌ နန်းကိုအော်ပရေးရှင်း ကြည်ရှောင်ခြင်းအလုပ်၏ မူလအခြေဖြစ်သော ဆူပူနိုးကြားခြင်းတို့သည် ယခုအခါ ပပျောက်ပြီး အေးပြီးဟု မဆိုနိုင်သေးချေ။

လော့ရိဒင်က ထိုသို့ပြည်သူများအား ချမ်းသာကျေအေးအောင် ဘယ်ကဲ့သို့လုပ်မည်ဟု စည်းကမ်းစနစ် ရှိပါသေး၏လောဟု အိန္ဒိယပြည်သားအပေါင်းတို့က စောင့်ဆိုင်းငံ့လင့်လျှက် ရှိနေကြသေးသည်။

ယခုကဲ့သို့ စောင့်ဆိုင်းမျော်လင့်လျက် ရှိနေကြခြင်းမှာ အိန္ဒိယတောင်ပိုင်း အနောက်ပိုင်းမျှသာမဟုတ် တပြည်လုံး၌ပင်ဖြစ်သည်။

မစ္စတာဂွိုက်မည်သော ဆာဒူရန်နတ်ဘင်နာဂျီပိုင်သော ဘင်ဂေါ်လီ ခေါ်သတင်းစာတွင် ဖေဖေါ်ဝါရီလက ရေးသားဖူးသည်မှာ အိန္ဒိယပြည်သည် လမ်းခွဲလမ်းဆုံးသို့ ရောက်ရှိနေပြီးဟူသော စာခေါင်းတပ်လျက် ဖော်ပြရေးသားသည်မှာ ဒိုင်အာခီပြုပြင်အုပ်ချုပ်ရေးနည်းစနစ်သည် ပြည်သူတို့ ကိုယ်ပိုင်အုပ်ချုပ်ရေးရနိုင်သော နည်းလမ်းဖြစ်အောင် စီမံခြင်းနည်းလမ်းသို့ ရောက်သောအခြေခံမဟုတ် ထိုထက်အလွန်ယုတ်နိမ့်လေခြင်းကြောင်း အများက ဗလဝအပြစ်ဆို၍ ပယ်ခွါရှောင်ရှားကြကြောင်းဟူ၍ ဆို၏။

ထိုသို့ဆိုသောပုဂ္ဂိုလ်၏ ဘင်ဂေါ်လီ ခေါ် သတင်းစာသည် အစဉ်မပြတ် အစိုးရဘက်ကပင်နေ၍ ရေးနေသော သတင်းစာပင်ဖြစ်သည့်အပြင် ပြည်သူတို့သည် အစိုးရနှင့် ပူးပေါင်းကြံစည်ခြင်းမှ လွတ်ငြိမ်းခြင်းရနိုင်မည်ဟု အမြဲထင်မြင်ယူဆ သဘောရသော သတင်းစာပင်တည်း။

No comments:

Post a Comment